MyanmarJobSearch.com မှ မော်နီတာ ကံထူးသူထွက်ပေါ်
ပြည်တွင်း ကုမ္ပဏီများ အင်တာနက်မှတဆင့် ဝန်ထမ်းခေါ်ယူနိုင်ခြင်း၊ အလုပ်ရှာဖွေလိုသူများမှလည်း အလုပ်လျှောက်ထားနိုင်ခြင်းတို့ကို တစ်နေရာတည်းတွင်ပြုလုပ်နိုင်သော www.myanmarjobsearch.com အား မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ပြုလုပ်ခဲ့သော ၇ ကြိမ်မြောက် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ တွင် Media Lane မှအများထံပြသခဲ့ပါတယ်။
Media Lane မှ ပြပွဲအတွင်း အထူးအစီအစဉ်အဖြစ် အဆိုပါ www.myanmarjobsearch.com အားဝင်ရောက် register ပြုလုပ်သူများကို ပြပွဲနောက်ဆုံးရက်အတွင်း AOC အမှတ်တံဆိပ်မော်နီတာအား မဲဖောက်ပေးမည့်အစီအစဉ် စီစဉ်ခဲ့ပါတယ်။
ကံစမ်းမဲအစီအစဉ်အား ပြပွဲကျင်းပရေး တာဝန်ရှိသူများမှ မဲဖောက်ပေးခဲ့ပြီး ဆုရရှိသွားသူမှာတော့ မဇင်မာလွင်၊ ကံစမ်းမဲနံပါတ် 2790 ဖြစ်ပါတယ်။
ထို့နောက် ကံစမ်းမဲပေါက်သူ မဇင်မာလွင်အား AOC ၏ တာဝန်ရှိသူတစ်ဦးမှ ပြပွဲကျင်းပရေး တာဝန်ရှိသူများရှေ့မှောက်၌ ဆုချီးမြှင့်ပေးခဲ့ပြီး ကံစမ်းမဲပေါက်သူ မဇင်မာလွင်အား မေးမြန်းခဲ့ရာမှာတော့ “ကျွန်မ ဒီလို ကံစမ်းမဲပေါက်လိမ့်မယ်လို့မထင်မိဘူး၊ တစ်ကယ်လဲ အိမ်မှာ မော်နီတာတစ်လုံးလိုနေတာပါ၊ အခုလို ကမ္ဘာ့အပါးဆုံး မော်နီတာကို ထူးထူးခြားခြားကံစမ်းမဲပေါက်တော့ ပြပွဲစီစဉ်သူတွေကိုလည်း ကျေးဇူးတင်တယ်၊ အခုလိုကံစမ်းမဲဖေါက်ပေးခဲ့တဲ့ Media Lane ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်”ဟု MyanmarICT.com သို့ ပြောကြားသွားတယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်။





myominzaw
May 24th,2011 5:49 AM
Congratulations! I am greatly congratulated for your success, sister.
မြန်မာပြည်တွင်း အလုပ်ရှာလိုသူများအတွက် ၀က်ဘ်ဆိုက်သစ်တစ်ခု စတင်လွှင့်တင် « Mon GTI/GTC/GTU
May 27th,2011 1:55 PM
[...] ကံစမ်းမဲဖောက်ပေးခဲ့သည့်အကြောင်း ဒီနေရာတွင် [...]
7th Myanmar ICT Exhibition – Media Lane
May 28th,2011 12:31 PM
[...] winner of that lucky draw system was Ma Zin Mar Lwin and Team Media Lane congratulate her for participating in our lucky draw and being a first one to [...]